စင္ကာပူမွာ ျပသမယ့္ မုျဒာေခၚသံ ကိုအားေပးဖို႕ လွယဥ္ေက်းဆို

ဧၿပီ - ၂၆၊ ၂၀၁၈

မုျဒာေခၚသံ မင္းသမီးေလး လွယဥ္ေက်းကေတာ့ သူ႔ရဲ႕ပထမဆံုးပြဲဦးထြက္ဇာတ္ကားျဖစ္တဲ့ မုျဒာေခၚသံ ဇာတ္ကားႀကီးကို စင္ကာပူႏို္င္ငံမွာ သြားေရာက္ျပသခြင့္ရေတာ့မွာျဖစ္တဲ့အတြက္ ဝမ္းသာေနပါတယ္။

ျပည္တြင္းမဟုတ္ဘဲ ျပည္ပ ႏုိင္ငံေတြမွာ ျပသခြင့္ရႏုိင္ခဲ့တဲ့အတြက္ႀကိဳးစားရက်ိဳးနပ္ခဲ့သလို စင္ကာပူေရာက္ျမန္မာပရိသတ္ေတြတင္မကဘဲ ရုပ္ရွင္ခ်စ္တဲ့သူတိုင္းလာေရာက္အားေပးေစခ်င္တယ္လို႔ ဖြင့္ဟလာပါတယ္။

အႏုပညာရွင္အသစ္တစ္ေယာက္အေနနဲ႔ မုုျဒာေခၚသံဇာတ္ကားႀကီးရဲ႕ အဓိကဇာတ္ေဆာင္တစ္ေယာက္ေနရာမွာ အေကာင္းဆံုးႀကိဳးစားခဲ့သလို ဒီဇာတ္ကားဟာ သူ႔အတြက္ ရုပ္္ရွင္နဲ႔ပတ္သက္ၿပီး အမ်ားႀကီးသင္ယူခဲ့ရတယ္လို႔ လွယဥ္ေက်းကေျပာပါတယ္။

လက္ရွိမွာ မုျဒာေခၚသံဇာတ္ကားဟာ ျမန္မာႏုိ္င္ငံမွာ ေျခာက္ပတ္ေျမာက္အထိရံုတင္ခြင့္ရၿပီးျဖစ္သလိုု စင္ကာပူႏုိင္ငံမွာ သြားေရာက္ျပသဖို႔ စီစဥ္ေနၾကတာလည္း ျဖစ္ပါတယ္။

မုျဒာေခၚသံဇာတ္ကားဟာ ရံုတင္ျပသခြင့္မရခင္အခ်ိန္ကတည္းက ႏို္င္ငံတကာရုပ္ရွင္ပြဲေတာ္ေတြမွာ ျပသခြင့္ရရွိခဲ့တဲ့ ရုပ္ရွင္ကားတစ္ကားျဖစ္ၿပီး လာမယ့္ ဇြန္လ ၇ ကေန႔ ၁၀ အထိ အေမရိကန္မွာ က်င္းပမယ့္ Hobnobben Film ပြဲေတာ္မွာလည္း သြားေရာက္ျပသဖို႔ရွိတယ္လို႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

စင်ကာပူမှာ ပြသမယ့် မုဒြာခေါ်သံ ကိုအားပေးဖို့ လှယဉ်ကျေးဆို

ဧပြီ - ၂၆၊ ၂၀၁၈

မုဒြာခေါ်သံ မင်းသမီးလေး လှယဉ်ကျေးကတော့ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ မုဒြာခေါ်သံ ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံမှာ သွားရောက်ပြသခွင့်ရတော့မှာဖြစ်တဲ့အတွက် ဝမ်းသာနေပါတယ်။

ပြည်တွင်းမဟုတ်ဘဲ ပြည်ပ နိုင်ငံတွေမှာ ပြသခွင့်ရနိုင်ခဲ့တဲ့အတွက်ကြိုးစားရကျိုးနပ်ခဲ့သလို စင်ကာပူရောက်မြန်မာပရိသတ်တွေတင်မကဘဲ ရုပ်ရှင်ချစ်တဲ့သူတိုင်းလာရောက်အားပေးစေချင်တယ်လို့ ဖွင့်ဟလာပါတယ်။

အနုပညာရှင်အသစ်တစ်ယောက်အနေနဲ့ မုုဒြာခေါ်သံဇာတ်ကားကြီးရဲ့ အဓိကဇာတ်ဆောင်တစ်ယောက်နေရာမှာ အကောင်းဆုံးကြိုးစားခဲ့သလို ဒီဇာတ်ကားဟာ သူ့အတွက် ရုပ်ရှင်နဲ့ပတ်သက်ပြီး အများကြီးသင်ယူခဲ့ရတယ်လို့ လှယဉ်ကျေးကပြောပါတယ်။

လက်ရှိမှာ မုဒြာခေါ်သံဇာတ်ကားဟာ မြန်မာနိုင်ငံမှာ ခြောက်ပတ်မြောက်အထိရုံတင်ခွင့်ရပြီးဖြစ်သလိုု စင်ကာပူနိုင်ငံမှာ သွားရောက်ပြသဖို့ စီစဉ်နေကြတာလည်း ဖြစ်ပါတယ်။

မုဒြာခေါ်သံဇာတ်ကားဟာ ရုံတင်ပြသခွင့်မရခင်အချိန်ကတည်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး လာမယ့် ဇွန်လ ၇ ကနေ့ ၁၀ အထိ အမေရိကန်မှာ ကျင်းပမယ့် Hobnobben Film ပွဲတော်မှာလည်း သွားရောက်ပြသဖို့ရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်