Avengers: Infinity War အထူးပြဲကို စံုစံုညီညီ တက္ေရာက္လာတဲ့ အႏုပညာ ၾကယ္ပြင့္ေတြ

ဧၿပီ - ၂၄ ၊၂၀၁၈

Avengers: Infinity Warရဲ႕ ႏုိင္ငံတကာ အဖြင့္ အထူးပြဲကို အေမရိကန္ႏုိင္ငံ၊ ေလာ့စ္အန္ဂ်လိစ္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

Box Officeမွာ ႐ံုဝင္ေၾကး အေျမာက္အျမားနဲ႔ အႀကီးအက်ယ္ ေအာင္ပြဲခံလိမ့္မယ္လုိ႔ ႀကိဳတင္ မွန္းဆထားတဲ့ စိတ္ကူးယဉ္ သိပၸံလူစြမ္းေကာင္း ႐ုပ္ရွင္မွာ ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ အႏုပညာရွင္ေတြ အားလံုး အခုပြဲကို စံုစံုညီညီ တက္ေရာက္လာတာလည္း ေတြ႕ရပါတယ္။

Marvel Comicsရဲ႕ ဇာတ္ေကာင္ေတြကို အေျခခံ တင္ဆက္ထားတဲ့ Marvel Cinematic Universeမွာ ၁၉ ခုေျမာက္ ႐ုပ္ရွင္ျဖစ္လာတဲ့ Avengers: Infinity Warမွာ ေရာဘတ္ေဒါင္နီ ဂ်ဴနီယာ၊ ခရစၥဟမ္းေဆြာ့သ္၊ မာ့တ္ခ္ရက္ဖလို၊ ခရစၥအီဗန္စ္၊ ဘင္နဒစ္ကမ္ဘာဘတ္ခ်္၊ တြမ္ေဟာ္လန္း၊ စကားလက္ဂ်ိဳဟန္ဆန္၊ ဇိုးဆယ္လ္ဒါနာ၊ အဲလိဇဘက္သ္ ေအာ္လ္ဆင္ အစရွိတဲ့ နာမည္ေက်ာ္ မင္းသား မင္းသမီးေတြ စံုစံုလင္လင္ ပါဝင္ထားပါတယ္။

ဒီဇာတ္ကားဟာ Marvel Comicsရဲ႕ နာမည္ေက်ာ္ ဇာတ္လမ္းတစ္ခုကို အေျချပဳ ႐ိုက္ကူးထားၿပီး စၾကာဝဠာ ဗီလိန္ႀကီး တစ္ဦးကို ကမာၻေပၚက Avengers သိပၸံလူစြမ္းေကာင္း အဖြဲ႕က စုစည္း တြန္းလွန္ၾကပံုကို ေဖာ္ၾကဴးထားတာ ျဖစ္ပါတယ္။

Unicode

Avengers: Infinity War အထူးပွဲကို စုံစုံညီညီ တက်ရောက်လာတဲ့ အနုပညာ ကြယ်ပွင့်တွေ

ဧပြီ - ၂၄ ၊၂၀၁၈

Avengers: Infinity Warရဲ့ နိုင်ငံတကာ အဖွင့် အထူးပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပါတယ်။

Box Officeမှာ ရုံဝင်ကြေး အမြောက်အမြားနဲ့ အကြီးအကျယ် အောင်ပွဲခံလိမ့်မယ်လို့ ကြိုတင် မှန်းဆထားတဲ့ စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ အားလုံး အခုပွဲကို စုံစုံညီညီ တက်ရောက်လာတာလည်း တွေ့ရပါတယ်။

Marvel Comicsရဲ့ ဇာတ်ကောင်တွေကို အခြေခံ တင်ဆက်ထားတဲ့ Marvel Cinematic Universeမှာ ၁၉ ခုမြောက် ရုပ်ရှင်ဖြစ်လာတဲ့ Avengers: Infinity Warမှာ ရောဘတ်ဒေါင်နီ ဂျူနီယာ၊ ခရစ္စဟမ်းဆွော့သ်၊ မာ့တ်ခ်ရက်ဖလို၊ ခရစ္စအီဗန်စ်၊ ဘင်နဒစ်ကမ်ဘာဘတ်ချ်၊ တွမ်ဟော်လန်း၊ စကားလက်ဂျိုဟန်ဆန်၊ ဇိုးဆယ်လ်ဒါနာ၊ အဲလိဇဘက်သ် အော်လ်ဆင် အစရှိတဲ့ နာမည်ကျော် မင်းသား မင်းသမီးတွေ စုံစုံလင်လင် ပါဝင်ထားပါတယ်။

ဒီဇာတ်ကားဟာ Marvel Comicsရဲ့ နာမည်ကျော် ဇာတ်လမ်းတစ်ခုကို အခြေပြု ရိုက်ကူးထားပြီး စကြာဝဠာ ဗီလိန်ကြီး တစ်ဦးကို ကမ္ဘာပေါ်က Avengers သိပ္ပံလူစွမ်းကောင်း အဖွဲ့က စုစည်း တွန်းလှန်ကြပုံကို ဖော်ကြူးထားတာ ဖြစ်ပါတယ်။