Surprise Me!


2018-05-22 5 Dailymotion


မေ-၂၀၊ ၂၀၁၈



ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့မင်းသမီး မီဂန်မာကယ်တို့ရဲ့ တော်ဝင်လက်ထပ်ပွဲကို မေလ ၁၉ရက်က ၀င်ဆာရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ခ်ျ ဘုရားကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။


(Unicode)

တော်ဝင်လက်ထပ်ပွဲအထိမ်းအမှတ်အခမ်းအနား ဗြိတိန်သံအမတ်နေအိမ်မှာ ကျင်းပ

မေ-၂၀၊ ၂၀၁၈

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့မီဂန်မာကယ်တို့ရဲ့ တော်ဝင်လက်ထက်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီးရဲ့နေအိမ်မှာ အထိမ်းအမှတ်ပွဲပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မသန်စွမ်းသူအရေးလှုပ်ရှားတဲ့အဖွဲ့အစည်း
တွေ၊ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊LGBTအရေးလှုပ်ရှားသူတွေ၊ကျားမတန်းတူညီရေးလှုပ်ရှားသူတွေနဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းကသူတွေတက်ရောက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့မင်းသမီး မီဂန်မာကယ်တို့ရဲ့ တော်ဝင်လက်ထပ်ပွဲကို မေလ ၁၉ရက်က ဝင်ဆာရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Buy Now on CodeCanyon