ဆင်သတ်မုဆိုးတွေကို ဘာကြောင့် မဖမ်းဆီးနိုင်တာလဲ (ရုပ်/သံ)

ဧရာဝတီ ၊ မေ ၁၈ ၊ ၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ငပုတောနဲ့ သာပေါင်းမြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ ကျင်လည်ကျက်စားနေတဲ့ တောဆင်ရိုင်းတွေ ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကြိုးစားဆောင်ရွက် နေပေမယ့် ဆင်သတ်မှုတွေ လျော့ကျမသွားဘဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဆင်သတ်မှုတွေရဲ့အဓိက တရားခံဖြစ်တဲ့ ဆင်သတ်မုဆိုးတွေကို ဖမ်းဆီးရာမှာလည်း တရားခံ သုံးပုံတပုံခန့်ဟာ ထွက်ပြေး လွတ်မြောက်နေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဆင်သတ်မုဆိုးတွေ ဖမ်းဆီးရာမှာ ကြုံတွေ့နေတဲ့အခက်အခဲတွေကို ဧရာဝတီက မေးမြန်း တင်ဆက်ထားပါတယ်။

ရိုက်ကူး- ဆလိုင်းသန့်စင်