ပန္းေရာင္ျခယ္ရဲ႕ တစ္ကိုယ္ေတာ္ေခြမွာ ဘာေတြထူးျခားမလဲ

ေမ - ၃၁၊၂၀၁၈

လူငယ္ပရိသတ္ေတြႀကိဳက္ၾကတဲ့ ေတးသံရွင္ ဂေရဟမ္ရဲ႕သမီး ပန္းေရာင္ျခယ္ကေတာ့ သူ႔ရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္ အတြက္ ျပင္ဆင္ေနပါျပီ။

ဖခင္နဲ႔အတူ ထုတ္ထားတဲ့ “Wake Up Daddy” အတြဲေခြမွာကတည္းက ပရိသတ္ရဲ႕ အားေပးမႈကို အမ်ားႀကီးရရွိထားတဲ့ ပန္းေရာင္ျခယ္အေနနဲ႔ သူ႔ရဲ႕ပထမဆံုးတစ္ကိုယ္ေတာ္အေခြအတြက္ စိတ္လႈပ္ရွားေနတယ္လို႔ ဖြင့္ဟလာပါတယ္။

အေခြ Title နာမည္ကို မစဥ္းစားထားရေသးေပမယ့္လည္း ဂီတလမ္းေၾကာင္းေပၚမွာ မွတ္တိုင္တစ္ခုျဖစ္ေစမယ့္ ေခါင္းစဥ္မ်ိဳးျဖစ္ဖုိ႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဒီအေခြမွာေတာ့ အရင္အတြဲေခြနဲ႔မတူဘဲ ျမဴးျမဴးၾကြၾကြသီခ်င္းေလးေတြ အမ်ားဆံုးပါဝင္မွာျဖစ္ၿပီး Pop နဲ႔ R & P သီခ်င္းအမ်ိဳးအစားကိုပဲ ဦးစားေပးသီဆိုသြားမယ္လို႔ ပန္းေရာင္ျခယ္က ေျပာပါတယ္။

ပန္းေရာင္ျခယ္အေနနဲ႔ လတ္လေလာမွာ သီခ်င္းလက္ခံသီဆိုေဖ်ာ္ေျဖမႈေတြ၊ ေၾကာ္ျငာေတြရိုက္ကူးေနၿပီး သူ႔ရဲ႕ပထမဆံုးအေခြကိုေတာ့ လာမယ့္ ၾသဂုတ္လေလာက္မွာ စတင္ထုတ္ေဝသြားမယ္လို႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#7Daytv #Panyaungchel

(Unicode)

ပန်းရောင်ခြယ်ရဲ့ တစ်ကိုယ်တော်ခွေမှာ ဘာတွေထူးခြားမလဲ

မေ - ၃၁၊၂၀၁၈

လူငယ်ပရိသတ်တွေကြိုက်ကြတဲ့ တေးသံရှင် ဂရေဟမ်ရဲ့သမီး ပန်းရောင်ခြယ်ကတော့ သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် အတွက် ပြင်ဆင်နေပါပြီ။

ဖခင်နဲ့အတူ ထုတ်ထားတဲ့ “Wake Up Daddy” အတွဲခွေမှာကတည်းက ပရိသတ်ရဲ့ အားပေးမှုကို အများကြီးရရှိထားတဲ့ ပန်းရောင်ခြယ်အနေနဲ့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဖွင့်ဟလာပါတယ်။

အခွေ Title နာမည်ကို မစဉ်းစားထားရသေးပေမယ့်လည်း ဂီတလမ်းကြောင်းပေါ်မှာ မှတ်တိုင်တစ်ခုဖြစ်စေမယ့် ခေါင်းစဉ်မျိုးဖြစ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒီအခွေမှာတော့ အရင်အတွဲခွေနဲ့မတူဘဲ မြူးမြူးကြွကြွသီချင်းလေးတွေ အများဆုံးပါဝင်မှာဖြစ်ပြီး Pop နဲ့ R & P သီချင်းအမျိုးအစားကိုပဲ ဦးစားပေးသီဆိုသွားမယ်လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ပန်းရောင်ခြယ်အနေနဲ့ လတ်လလောမှာ သီချင်းလက်ခံသီဆိုဖျော်ဖြေမှုတွေ၊ ကြော်ငြာတွေရိုက်ကူးနေပြီး သူ့ရဲ့ပထမဆုံးအခွေကိုတော့ လာမယ့် သြဂုတ်လလောက်မှာ စတင်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#7Daytv #Panyaungchel