ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ အနံဆိုးကို အစိုးရ ဖြေရှင်းမှု နှောက်နှေး (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၄ ၊ ၂၀၁၈

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်အတွင်း မြန်မာဆန်းဇော် ခနှောက်စိမ်း သတ္တုသန့်စင်ရုံမှ ထွက်လာတဲ့ အခိုးအငွေ့နဲ့ အနံ့တွေကို ဒေသခံတွေက ဆိုးရွားစွာခံစားခဲ့ရတယ်လို့ ဆိုကြပါတယ်။

မော်လမြိုင်စက်မှုဇုန်းအတွင်းရှိ ခနှောက်စိမ်း သတ္တုသန့်စင်စက်ရုံ ၆ရုံ ဝန်းကျင်ရှိနေပြီး အနံဆိုးများထွက်ရှိမှုနဲ့ ပတ်သတ်လို့ ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးဖို့ စက်မှုဇုန်အတွင်း နေထိုင်သူတွေက တင်ပြထားပေမယ့် အစိုးရဘက်မှ ဖြေရှင်းဆောင်ရွက်ပေးမှုတွေ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ရိုက်ကူး/ တည်းဖြတ်- ဥာဏ်စိုးဝင်း