မောင်တောဒေသ ပြန်လည်ထူထောင်ရေး ဘယ်အခြေအနေရှိနေပြီလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၉ ၊ ၂၀၁၉၈

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး အစိုးရက ပြန်လည်လက်ခံရေးစခန်းတွေ ဖွင့်ထားပေမယ့် လက်ရှိအချိန်အထိ တရားဝင် ပြန်လည်ဝင်ရောက်လာသူ တယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် နေအိမ်တွေ မရရှိသေးသလို ကိုင်းကြီး ရွာသစ် မြို တိုင်းရင်းသားတွေကို အစိုးရက မျိုးစပါး ထောက်ပံ့ပေးထားပေမယ့် စိုက်ပျိုးဖို့ မြေကွက်မရှိလို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်