မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်သူဝင်းကို ကျိုက်မရောမြို့နယ်၊ကျိုက်မရောမြို့မ ရဲစခန်းသို့ တာဝန်ပြောင်းရွှေ့ ချထားခြင်းအပေါ် ဒေသခံတွေက မူလနေရာဖြစ်တဲ့ ပေါင်မြို့မရဲစခန်းတွင်သာ တာဝန်ထမ်းဆောင်ပေးဖို့ ဒေသခံ ၈၉ ဦးက လက်မှတ်ရေးထိုးပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတွေကို တောင်းဆိုခဲ့ကြပါတယ်။<br /><br />ဒုရဲအုပ် ကျော်သူဝင်းဟာ မန္တလေးတိုင်းဒေသကြီးမှ မွန်ပြည်နယ်ရဲတပ်ဖွဲ့သို့ ၂၀၁၇ ခုနှစ်၊ မေ ၃၁ ရက်က ပြောင်းရွှေ့လာခဲ့ပြီး မော်လမြိုင်မြို့နယ်ရှိ မြိုင်သာယာနယ်မြေရဲစခန်းမှာ ၃ လကျော် တာဝန်ထမ်းဆောင်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ ပေါင်မြို့နယ်ရှိ ပေါင်မြို့မရဲစခန်းသို့ တာဝန်ချထားခြင်းခံခဲ့ရပါတယ်။<br /><br />၂၀၁၈ ခုနှစ်၊ မေ ၁၀ ရက်နေ့မှာတော့ ကျိုက်မရောမြို့မရဲစခန်းသို့ ပြောင်းရွှေ့ခြင်း ခံရကြောင်း သိရပါတယ်။