သက္ငယ္မုဒိန္းမႈ ပညာေပးမယ့္ “ဟစ္တိုုင္”

ဇူလိုင္ - ၄၊၂၀၁၈

သက္ငယ္မုဒိန္းမႈကို ဇာတ္အိမ္ဖန္တီးၿပီး ပညာေပးဇာတ္ကားအျဖစ္ ရိုက္ကူးမယ့္ ဟစ္တုိုင္ ရုပ္ရွင္ဇာတ္ကားၾကီး ကန္ေတာ့ေပးပြဲအခမ္းအနားကို ဒီကေန႔မနက္က ေရႊတိဂံုဘုရားေအာင္ေျမမွာ ျပဳလုပ္ခဲ့ပါတယ္။

သမာအာဇီဝက်က်လုပ္ကိုင္စားေသာက္တဲ့ မုဆိုးမ သားအမိႏွစ္ေယာက္ရဲ႕ဘဝ၊ မိခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာ၊ သမီးေလးဟာ သက္ငယ္မုဒိန္းမႈနဲ႔ၾကံဳရတဲ့အခ်ိန္မွာ မုဆိုးမျဖစ္တဲ့မိခင္ဟာ ေလ်ာ့တိေလ်ာ့ရဲ႕ဥပေဒၾကားမွာ ဘယ္လို ကိုင္တြယ္ေျဖရွင္းမလဲ စတာေတြကို ဒါရိုက္တာ ဟိန္းစိုးက ပံုေဖာ္ရိုက္ကူးမွာျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ ဝတၱဳသွ်င္မရဲ႕ ေအာင္ျမင္တဲ့ဝတၱဳျဖစ္ၿပီး အဓိကဇာတ္ေကာင္ မေဒါင္းနီ ေနရာမွာ အကယ္ဒမီအိျႏၵာ ေက်ာ္ဇင္က ပါဝင္သရုပ္ေဆာင္မွာျဖစ္ပါတယ္။

ဒီဇာတ္ကားကို ဇူလိုင္လ ၈ ရက္မွာ စတင္ရိုက္ကူးမွာျဖစ္ျပီး အကယ္ဒမီေမသန္းႏု၊ အကယ္ဒမီအိျႏၵာေက်ာ္ဇင္၊ ထူးျပည့္ေအာင္၊ စိုင္းဝဏၰေအာင္၊ ၿဖိဳးပပထူး၊ James ၊စဝ္ယြန္းဝတီဦး၊ သန္းသန္းစိုး၊ စိုးမိုးၾကည္။ လွမ်ဳိးသဥၨာႏြယ္၊ ဇင္မ်ဳိး၊ကေလးသရုပ္ေဆာင္ ျပည့္ျပည့္နဲ႔ အျခား သရုပ္ ေဆာင္ေပါင္းမ်ားစြာ ပါဝင္ထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

သက်ငယ်မုဒိန်းမှု ပညာပေးမယ့် “ဟစ်တိုင်”

ဇူလိုင် - ၄၊၂၀၁၈

သက်ငယ်မုဒိန်းမှုကို ဇာတ်အိမ်ဖန်တီးပြီး ပညာပေးဇာတ်ကားအဖြစ် ရိုက်ကူးမယ့် ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲအခမ်းအနားကို ဒီကနေ့မနက်က ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။

သမာအာဇီဝကျကျလုပ်ကိုင်စားသောက်တဲ့ မုဆိုးမ သားအမိနှစ်ယောက်ရဲ့ဘဝ၊ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ သမီးလေးဟာ သက်ငယ်မုဒိန်းမှုနဲ့ကြုံရတဲ့အချိန်မှာ မုဆိုးမဖြစ်တဲ့မိခင်ဟာ လျော့တိလျော့ရဲ့ဥပဒေကြားမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ စတာတွေကို ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဝတ္တုသျှင်မရဲ့ အောင်မြင်တဲ့ဝတ္တုဖြစ်ပြီး အဓိကဇာတ်ကောင် မဒေါင်းနီ နေရာမှာ အကယ်ဒမီအိန္ဒြာ ကျော်ဇင်က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇူလိုင်လ ၈ ရက်မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး အကယ်ဒမီမေသန်းနု၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ ထူးပြည့်အောင်၊ စိုင်းဝဏ္ဏအောင်၊ ဖြိုးပပထူး၊ James ၊စဝ်ယွန်းဝတီဦး၊ သန်းသန်းစိုး၊ စိုးမိုးကြည်။ လှမျိုးသဉ္ဇာနွယ်၊ ဇင်မျိုး၊ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ အခြား သရုပ် ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်