ရေလျှံနေတဲ့လမ်းမမှာ ရှစ်တန်းကျောင်းသား
ဓာတ်လိုက်ပြီးသေဆုံး

ဇူလိုင် − ၁၃ ၊၂၀၁၈






သတင်း − စောအောင်မင်းဦး

(Unicode)

တောင်ဥက္ကလာမှာ ဓာတ်လိုက်ပြီး ရှစ်တန်းကျောင်းသားသေဆုံး

ဇူလိုင် − ၁၃ ၊၂၀၁၈

ဒီကနေ့ ညနေပိုင်း လေးနာရီ ခန့်လောက်က တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်မကြီးပေါ် မှာ အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်ကတော့ သံသုမာလမ်းမှာရှိတဲ့ သေနတ်ပစ်ကွင်းအနီး မှာ ဖြစ်ပွားခဲ့တာပါ။

လမ်းပေါ်မှာရှိတဲ့ရေဝပ်နေတဲ့ နေရာကို လမ်းလျှောက်လာတဲ့အချိန်မှာ လဲကျ သွားတာဖြစ်ပါတယ်။

ကလေးငယ်ကို ဆေးရုံကိုပို့ဆောင်ရင်းနဲ့ လမ်းခုလတ်မှာပဲ ဆုံးပါးသွားတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရန်ကင်းမြို့နယ်မှာ အသက်ရှစ်ဆယ်ကျော် အဘိုးအို ဟာ ပြတ်ကျနေတဲ့ဓာတ်ကြိုးနဲ့ သွားထိမိရာကနေ ဓာတ်လိုက်သေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါသေးတယ်။

သတင်း − စောအောင်မင်းဦး