
ဇူလိုင် - ၂၅ ၊၂၀၁၈





အသင်းကြီးအနေနဲ့ ကျပ်သန်းပေါင်း ၁၅၀၀ ဝန်ကျင်လောက်အထိ ကူညီဆောင်ရွက်ပေးမှုတွေလုပ်ဆောင်ဖို့ ရည်ရွယ်ပေမယ့် ရန်ပုံငွေမရရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အများဆုံးကူညီနေတာဖြစ်ပြီး အသင်းရန်ပုံငွေရဲ့ ၉၂ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။




(Unicode)

ကြက်ခြေနီင်္အသင်း ရန်ပုံငွေရဖို့အခက်အခဲ တွေရှိနေတယ်လို့ အသင်းဥက္ကဌ ဆို

ဇူလိုင် - ၂၅ ၊၂၀၁၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ရန်ပုံငွေရဖို့အတွက် စိန်ခေါ်မှု တွေရှိနေတယ်လို့အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမြသူက ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ်မှာ ပြုလုပ်တဲ့ ဗဟိုကောင်စီဝင်အစည်း အဝေးအပြီးမှာ မီဒီယာတွေကို ပြောလိုက်တာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ စစ်ဘေးရှောင် ဒေသတွေအတွက် ရန်ပုံငွေ ရဖို့လွယ်ကူပေမယ့် သဘာဝဘေးနဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေအတွက် ရန်ပုံငွေ ရဖို့ အတော်လေးခက်ခဲနေတယ်လို့ ကြက်ခြေနီ အသင်း ဥက္ကဌ ကဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ တစ်နှစ်ကို ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၃၀၀ ဝန်းကျင်အကုန်အကျခံပြီး ကူညီဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဒေါက်တာမြသူ က ပြောပါတယ်။

အသင်းကြီးအနေနဲ့ ကျပ်သန်းပေါင်း ၁၅၀၀ ဝန်ကျင်လောက်အထိ ကူညီဆောင်ရွက်ပေးမှုတွေလုပ်ဆောင်ဖိုု့ ရည်ရွယ်ပေမယ့် ရန်ပုံငွေမရရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အများဆုံးကူညီနေတာဖြစ််ပြီး အသင်းရန်ပုံငွေရဲ့ ၉၂ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းအလှူရှင်နဲ့ နိုင်ငံတော်အစိုးရက ၈ ရာခိုင်နှုန်းဝန်ကျင်သာရှိတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

#ရန်ပုံငွေ #အလှူရှင် #ပါမောက္ခဒေါက်တာမြသူ #7DAY TV