သံလွင်နဲ့ သောင်ရင်းမြစ်တွေ စိုးရိမ်ရေမှတ်ကျော်လို့ ဒေသတချို့မှာ ရေကြီးနေ

ဇူလိုင်-၂၂၊၂၀၁၈

မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ကရင်ပြည်နယ်က့ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေနဲ့ သောင်ရင်းမြစ်တွေ က စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတာကြောင့် အဲဒီမြစ်ဘေးက ဒေသအချို့မှာ ရေကြီးမှုတွေ ဖြစ်ပွားနေတာပါ.

ဘားအံမြို့မှာလည်း သံလွင်မြစ်ရေတက်လာတာကြောင့် အဆိုပါမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ကမမောင်းမြို့မှာလည်း လယ်ဧကရာပေါင်းများစွာ ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့ပါတယ်။

မြ၀တီမြိုမှာတော့ သောင်ရင်းမြစ်ရေတက်လာတဲာကြောင့် ဒေသအချို့တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေတာပါ။

မြ၀တီမြို့မှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားရပြီး အဲဒီစခန်းကို အိမ်ထောင်စု ၁၀၂ စု လူဦးရေငါးရာကျော်ရွှေ့ပြောင်းလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက မြို့နယ်အချို့တွေမှာလည်း ရေကြီးနစ်မြုပ်မှုတွေကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး