ကျင်းလုံမြန်မာ Machine Mart မှ ဆိုင်ဖွင့်ပွဲနေ့တွင် မီးသတ်ကားနှင့် ရေစုပ်စက်ကြီး လှူဒါန်းပွဲ အခမ်းအနားကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေး စက်မှုထုတ်ကုန်၊ ကုန်သွယ်ရေးစင်တာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်စဉ်များတွင် အသုံးပြုနိုင်ရန်အတွက် မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ မီးသတ်ကား၂စီးနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ရေစုပ်စက်ကြီး ၁လုံးကိုလည်း ကျင်းလုံမြန်မာ မိသားစုများက လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျင်းလုံးမြန်မာ၏ မိတ်ဖက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကျင်းလုံမြန်မာ Machine Mart ကို ၁၉၉၈ခုနှစ်မှ စတင်ဖွင့်လှစ်၍ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများကို ရောင်းချပေးခဲ့ပြီ ယခုဖွင့်လှစ်သော အရောင်းဆိုင်သည် မန္တလေးမြို့၌ တတိယမြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။