Surprise Me!


2018-08-08 11 Dailymotion


သြဂုတ် - ၇ ၊၂၀၁၈







(Unicode)

ဖွေးဖွေးဆီကပညာတွေရခဲ့တယ်ဆိုတဲ့ မြတ်နိုးအေး

သြဂုတ် - ၇ ၊၂၀၁၈

သူစိမ်းအိမ် ရုပ်ရှင်ကားမှာ သရုပ်ဆောင်ဖွေးဖွေးဆီက သရုပ်ဆောင် ပညာတွေ ရခဲ့တယ်လို့ ဆိုလာသူက မြတ်နိုးအေးပါ ။

မြတ်နိုးအေးဟာ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ သူစိမ်းအိမ်ရုပ်ရှင်ကားမှာပါဝင်သရုပ် ဆောင်ထားပါတယ်။

ဒီကားမှာဆိုရင်တော့ ဖွေးဖွေးနဲ့တွဲဖက်သရုပ်ဆောင်ထားပြီး စီနီယာ ဖြစ်တဲ့ဖွေးဖွေးက အငယ်တွေ ကို သရုပ်ဆောင်မှုပိုင်းကို သင်ပြပေးတယ်လို့ ဆိုပါတယ်။

သူစိမ်းအိမ် ရုပ်ရှင်ကားဟာ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီ လွင်မိုး ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် ၊လင်းဇာနည်ဇော် ၊ အကယ်ဒမီ ဖွေးဖွေး ၊မြတ်နိုးအေး တို့နဲ့အတူ အခြား အနုပညာရှင်တွေ ပါဝင်ထားတယ်လို့ သိရပါတယ်။

သတင်း - သင်နှင်းယု ၊ ကင်မရာ - ဖိုးအောင်

#သူစိမ်းအိမ် #သရုပ်ဆောင်မြတ်နိုးအေး #ဖွေးဖွေး #7DAY TV

Buy Now on CodeCanyon