မန္တလေးမှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေကို ရဲအင်အား ၁၇၀ နဲ့ဝင်စီး

သြဂုတ်-၂၀၊ ၂၀၁၈

မန္တလေးကမ်းနားမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲသူတွေကို ရဲတပ်ဖွဲ့ အင်အား ၁၇၀ ကျော်နဲ့ ဝင်ရောက်ဖမ်း ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ဧရာဝတီမြစ်ဘေးကမ်းနားလမ်းက အိမ်တွေနဲ့ မြစ်ထဲက ဖောင်တွေပေါ်ကတဲအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တာလို့ သိရပါတယ်။
စည်ပင်သာယာကတည်ဆောက်ပေးထားတဲ့ အငှားအိမ်ရာ မှာ ဝင်ရောက်စစ်ဆေးခဲ့ရာမှာတော့ မူးယစ်ဆေးသုံးစွဲသူလို့ယူဆရတဲ့ ၈ ဦးလောက်နဲ့ ဆေးပြားအနည်းငယ်ပဲ ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။
မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ 7Day သတင်းထောက်က ပြောပါတယ်။

ရုပ်သံသတင်းထောက်- ဖြိုးဖြိုးဇော်