Surprise Me!

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ခင်းသတင်း အစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)■ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဌ

2018-08-20 1 Dailymotion

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ခင်းသတင်း အစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)

■ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဌာန်ကျကျ ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြရန် ကုလညီလာခံ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ တုံ့ပြန်ချေပခဲ့

■ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်သွားသည့် ဘင်္ဂလီများအား ၁၉၉၃ စာချုပ်ပါ အချက်အလက်များဖြင့်သာ ပြန်လည်စိစစ်လက်ခံမည်

■ တူးဖော်တွေ့ရှိခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများအား DNA စစ်ဆေးမှုများ ဆောင်ရွက်သွားမည်

■ ဒုတိယအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကို၂၀၁၇ ခုနှစ်မကုန်ခင် ကျင်းပပြုလုပ်သွားမည်

■ စိတ်ကြွဆေးပြား ရှစ်သိန်းသယ်ဆောင်လာသည့် ဘင်္ဂါလီဒုက္ခသည်သုံးဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးတို့ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

■ မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာကျပြီး သွားရောက်လုပ်ကိုင်ခြင်းမရှိသည့် လုပ်သားများနေရာတွင် လူအစားထိုး စေလွှတ်မည်

■ မြိတ်ကျွန်းစုရှိ မော်ခေါင်းဆုံးကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို နေအိမ်ရှိအလုပ်သမားက အဓမ္မပြုကျင့်မှု ဖြစ်ပွား

■ အမေရိကန် ကာကွယ်ရေးဝန်ကြီး အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်သို့ရောက်ရှိပြီး နာရီပိုင်းအကြာတွင် ကဘူးလ်မြို့ လေဆိပ်ဝန်းကျင်သို့ ဒုံးကျည်အချို့ ကျရောက်ပေါက်ကွဲ

■ အန္တာတိကတိုက်၏ ပင်လယ်ပြင် ရေခဲဖုံးလွှမ်းမှု အခြေအနေ စံချိန်တင်ကျဆင်းခဲ့ပြီး ရေကြောင်းသွားလာမှုများအတွက် အန္တရာယ် မြင့်တက်လာခဲ့ဟု သိရ

■ ချဲလ်ဆီး၊ မန်ယူ၊ ပီအက်စ်ဂျီအသင်းတို့ အပါအဝင် အသင်းကြီးအများစု အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ

Buy Now on CodeCanyon