မန္တလေးတွင် မူးယစ်အထူးတပ်ဖွဲ့ ရှောင်တခင်ဝင်ဖမ်း

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ကမ်းနားလမ်းရှိ အငှားအိမ်ရာတိုက်ခန်းများတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအတွက် မူးယစ်အထူးအဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တို့မှ သြဂုတ်လ ၂၀ ရက် ၊မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်စဉ်။
ရိုက်ကူး-ဘိုဘို၊ မဇ္ဈိမ

အဆိုပါရှာဖွေဖမ်းဆီးမှုတွင် သုံးစွဲသူ ၆ ဦးနှင့်ရောင်းချသူ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး သော့ပိတ်ထားသော အခန်းများကို ဆက်လက်ရှာဖွေရာတွင် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိသည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ