Surprise Me!

နိုင်ငံတော်ပိုင် မြေတွေကို အမွေပေးသလို ပေးခဲ့ကြတယ် (ရုပ်/သံ)

2018-08-20 1 Dailymotion

ဧရာဝတီ၊ သြဂုတ် ၂၀၊ ၂၀၁၈

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအနီး အမြန်လမ်းမကြီးဘေးရှိ မြေဧက ၉၀၀ ကျော်ကို ၂၀၁၁ ခုနှစ်တွင် သရက်ဇုန် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရာတွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးကျော်ဆန်းတို့ အပါအဝင် ၁၆ ဦးက ရယူထားခဲ့ရာ ယင်းမြေများကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိ စိစစ်၍ နေပြည်တော်ကောင်စီ ဥက္ကဌထံသို့ တင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“မြေကို သစ်တောမြေလို့ ပြောတယ်။ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် စွန့်လွှတ်ပေးလိုက်တယ်။ နိုင်ငံတော်ပိုင်မြေကို အင်မတန် အံ့သြဖို့ ကောင်းတယ်။ စာရင်းဇယား တိတိကျကျ မရှိဘဲနဲ့ ရော့ဘယ်သူဆိုပြီး အမွေပေးသလို ပေးလိုက်ကြတယ် ”ဟု ယင်းစီမံကိန်းကို စိစစ်မည့်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ

Buy Now on CodeCanyon