Surprise Me!

မတိုင်ပင်ပဲလုပ်ရင် နောက်လူတွေကို အဖိုးမတန်တဲ့ ရန်ကုန်ကိုပဲ ပေးနိုင်လိမ့်မယ် (ရုပ်/သံ)

2018-08-29 8 Dailymotion

ဧရာဝတီ၊ သြဂုတ် ၂၉ ၊ ၂၀၁၈

ရန်ကုန်တက္ကသိုလ်နယ်မြေက ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် အကြားမှာ ပေါ်ပေါက်လာတဲ့ အဆောက်အအုံသစ်နဲ့ ပတ်သက်ပြီး သမိုင်းတန်ဖိုးနဲ့ ထူးခြား ဗိသုကာ လက်ရာမြောက်တဲ့ အဆောက်အဦတွေ အနားမှာ အဆောက်အုံသစ်တွေ ဆောက်မယ်၊ ထပ်တိုးမယ်၊ ပြုပြင်မယ်ဆိုရင် အဲဒီအဆောက်အအုံတွေရဲ့ အလှတရားကို မထိခိုက်အောင် ဘယ်လိုဆောက်မလဲ၊ ဆန်းစစ်မှုတွေ ဘာတွေ ပြုလုပ်ရမလဲ၊ သက်ဆိုင်တဲ့သူတွေနဲ့ အသိပေးပြီး တိုင်ပင်တည်ဆောက်ဖို့ လုပ်နိုင်ဖို့ အတွက် Yangon Heritage Trust က ဒေါ်မိုးမိုးလွင်နဲ့ တွေ့ဆုံပြီး မေးမြန်းထားပါတယ်။

အင်တာဗျူး - ဇူဇူး
ရိုက်ကူး - ငြိမ်းဇော်၊ ဝေနှင်းထွဋ်

Buy Now on CodeCanyon