
သြဂုတ် - ၃၁ ၊၂၀၁၈


ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့က သန်းထွန်းဇော်(ခ)ဒါရိုက်တာမိုက်တီးကို WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပါး ၂၆ပြားနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး တာမွေရဲစခန်းမှာ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ တရားစွဲဆိုထားတာပါ။

ဒါရိုက်တာမိုက်တီးအပါအဝင် မူးယစ်ဆေးဝါးရဲ့ သားကောင်အဆင့်ရှိတဲ့သူတွေကို ပညာပေးအဆင့်ပြစ်ဒဏ်လောက်သာ ချမှတ်ပြီး မူးယစ်ရဲ့ပင်မရင်းမြစ်ကိုရှာဖွေပြီး တွန်းလှန်သင့်တယ်လို့ ဒီကနေ့ရုံးထုတ်မှာ ဒါရိုက်တာမိုက်တီးရဲ့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်က ပြောပါတယ်။
ဒါရိုက်တာမိုက်တီးကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ရက်နေ့ကစတင်ပြီး ချုပ်ရက်ရမန်ယူခဲ့တာဖြစ်တာဖြစ်ပြီး စက်တင်ဘာ ၁၄ရက်နေ့၊ တာမွေတရားရုံးမှာ ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။


(Unicode)

အင်းစိန်ထောင်ရောက်နေတဲ့ ဒါရိုက်တာမိုက်တီးကို ရုံးထုတ်ရမန်ယူ

သြဂုတ် - ၃၁ ၊၂၀၁၈

မူးယစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို ဒီကနေ့ မနက်ပိုင်းက တာမွေတရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့က သန်းထွန်းဇော်(ခ)ဒါရိုက်တာမိုက်တီးကို WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပါး ၂၆ပြားနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး တာမေွရဲစခန်းမှာ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ တရားစွဲဆိုထားတာပါ။

ဒါရိုက်တာမိုက်တီးအပါအဝင် မူးယစ်ဆေးဝါးရဲ့ သားကောင်အဆင့့်ရှိတဲ့သူတွေကို ပညာပေးအဆင့်ပြစ်ဒဏ်လောက်သာ ချမှတ်ပြီး မူးယစ်ရဲ့ပင်မရင်းမြစ်ကိုရှာဖွေပြီး တွန်းလှန်သင့်တယ်လို့ ဒီကနေ့ရုံးထုတ်မှာ ဒါရိုက်တာမိုက်တီးရဲ့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်က ပြောပါတယ်။
ဒါရိုက်တာမိုက်တီးကို ပြီးခဲဲ့့တဲ့ သြဂုတ် ၁၇ရက်နေ့ကစတင်ပြီး ချုပ်ရက်ရမန်ယူခဲ့တာဖြစ်တာဖြစ်ပြီး စက်တင်ဘာ ၁၄ရက်နေ့၊ တာမွေတရားရုံးမှာ ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်