Surprise Me!


2018-10-08 1 Dailymotion


အောက်တိုဘာ - ၆ ၊၂၀၁၈








(Unicode)

Captain America ဇာတ်ရုပ်ကနေ အနားယူတော့မယ့် ခရစ်အီဗန်စ်

အောက်တိုဘာ - ၆ ၊၂၀၁၈

သူ့ရဲ့ နာမည်ကျော် Captain America ဇာတ်ရုပ်ကို ခရစ်အီဗန်စ်က ကျောခိုင်းတော့မှာ ဖြစ်ပါတယ်။

Marvel Comicsရဲ့နာမည်ကျော် စူပါဟီးရိုး ဇာတ်ကောင်အဖြစ် ၈ နှစ်ကြာ ပါဝင်ခဲ့တဲ့နောက် Captain America ဘဝကို အတိတ်မှာ ချန်ထားတော့မယ်ဆိုတဲ့ သဘောမျိုး Twitterမှာ ရေးသား ကြေညာသွားခဲ့ပါတယ်။

အသစ်ထွက်မယ့် Avengers 4 ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ပြီးခဲ့တဲ့နောက် စိတ်လှုပ်ရှားစရာ ကာလတစ်ခုကို ဖြတ်သန်းနေပြီလို့ အီဗန်စ်က ဆိုပါတယ်။

ဒီ ၈ နှစ်တာ ကာလာဟာ ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း၊ ကင်မရာရှေ့မှာ အတူသရုပ်ဆောင်ခဲ့သူတွေ၊ ကင်မရာ နောက်ကွယ်ကနေ ကူညီခဲ့သူတွေနဲ့ ပရိသတ်တွေ အားလုံးကို အမှတ်ရစရာ ကာလတွေအတွက် ကျေးဇူးတင်ကြောင်း အီဗန်စ်က Twitterမှာ ရေးသားထားပါတယ်။

သူဟာ Captain America: The First Avengerကစလို့ ဒီဇာတ်ရုပ်မှာ ရုပ်ရှင် ၁၀ ကားထိ ပါဝင်ထားပါတယ်။

အီဗန်စ် အနေနဲ့ Captain America အဖြစ်ကနေ အနားယူတော့မယ် ဆိုတဲ့ သတင်းတွေက အရင်ကတည်းက ထွက်ပေါ်ခဲ့ပြီး အခုတော့ ကာယကံရှင်ကိုယ်တိုင် အတည်ပြုလာတဲ့ သဘောပါ။

Captain America အနေနဲ့ သူနောက်ဆုံး ပါဝင်မယ့် Avengers 4 ဇာတ်ကားကို လာမယ့်နှစ်၊ မေလဆန်းမှာ ရုံတင် ပြသဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Buy Now on CodeCanyon