Surprise Me!

အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေး ပညာပေး အစီအစဉ် စပြီ (ရုပ်/သံ)

2018-10-19 26 Dailymotion

ဧရာဝတီ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၈

အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေးအတွက် မူလတန်းအဆင့် သင်ရိုးညွှန်တမ်းတခု ချမှတ်ပေးလိုက်ပြီး သင်ရိုးညွန်းတမ်းစာအုပ် ၄ သောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပညာရေးဝန်ကြီးဌာနကို အောက်တိုဘာ ၁၈ ရက်နေ့က လွှဲပြောင်းပေးလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာကျောင်းတွေမှာ အရင်က စာရိတ္တ ဘာသာရပ်ကို သင်ကြားနေတာဖြစ်ပြီး ထပ်တိုးအနေနဲ့ ဖြောင့်မတ်တည်ကြည်မှု မြင့်တင်ရေး ပညာပေး အစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။

စာအုပ် ၂ သိန်းခွဲအထိ ထပ်မံရိုက်နှိပ်ပြီး တနိုင်ငံလုံးရှိ ကျောင်းတွေကို ဖြန့်ချီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်

Buy Now on CodeCanyon