Surprise Me!

ပဲခူးရိုးမပေါ်မှာ အပန်းဖြေနိုင်တဲ့ Bago Yoma Eco Resort (ရုပ်/သံ)

2018-11-13 17 Dailymotion

မြို့ပြရဲ့ မွန်းကြပ်မှုကနေ ရုန်းထွက်ပြီး တောတောင်ရဲ့ သဘာဝအလှကို ခံစားရင်း အပန်းဖြေချင်တယ် ဆိုရင်တော့ ပဲခူးရိုးမပေါ်က Bago Yoma Eco Resort ကို လမ်းညွှန်ချင်ပါတယ်။<br /><br />Bago Yoma Eco Resort ဟာ ပြည်မြို့နဲ့ ၄၃ မိုင်ဝေးပြီး၊ ပြည်- ပေါက်ခေါင်း-အုတ်တွင်း ရိုးမဖြတ်လမ်း နံဘေးမှာ ရှိကာ ရန်ကုန်မြို့နေ လာမယ်ဆိုရင်တော့ ပြည်မြို့ကို ၆နာရီကျော် ကားစီးပြီးတဲ့နောက် ပေါက်ခေါင်းမြို့ကို ဆက်လက်သွား ရောက်ရမှာပါ။<br /><br />ဧက ၂၅၀၀ ကျယ်တဲ့ ကျွန်းစိုက်ခင်းထဲမှာ Bago Yoma Eco Resort ကို တည်ဆောက်ထားတာဖြစ်ပြီး ရိုးမတောထဲမှာ တောတွင်းလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကျွန်းစိုက်ခင်းများနဲ့ လက်ကျန်သစ်တောများကို အပေါ်စီးမှ ကြည့်ရှုနိုင်ခြင်း၊ ငှက်ကြည့်ခြင်းတွေနဲ့ ကရင်တိုင်းရင်းသားကျေးရွာက ဂျပ်ခုတ် ထည်ယက်လုပ်မှုတွေနဲ့ ကရင်တိုင်းရင်းသား ရိုးရာဓလေ့ နေထိုင်မှုတွေကိုလည်း လေ့လာနိုင်ပါတယ်။

Buy Now on CodeCanyon