Surprise Me!

Eco Green City စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိဟု လွှတ်တော်ကိုယ်စားလှယ် ပြော (ရုပ်/သံ)

2018-11-13 2 Dailymotion

ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်က မြေ ၁၄၅၃ဧက ပေါ်မှာ Alliance Star ကုမ္ပဏီက ဆောင်ရွက်မယ့် Eco Green City စီမံကိန်းဟာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး ၆ လအတွင်း စတင် အကောင်အထည် ဖော်ရမှာ ဖြစ်ပေမယ့် ဒီနေ့အထိ ဆောင်ရွက်နိုင်တာမရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။<br /><br />စီမံကိန်း မြေနေရာကို လက်ရှိကာလပေါက်ဈေးနဲ့ တွက်ချက်မယ်ဆိုရင် Build up ဧရိယာအတွက် ကျပ် ၂၀.၁၂ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။ အကျိုးတူ ဆောင်ရွက်တာဖြစ်တဲ့အတွက် နိုင်ငံတော်က ကျပ် ၆၂.၈၅ ဘီလီယံနီးပါး ရရှိမှာဖြစ်ပြီး ငွေကြေးအနေနဲ့ ၄၂.၇၂ ဘီလီယံ အကျိုးအမြတ် ရရှိမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးကျော်လင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။<br />

Buy Now on CodeCanyon