ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၁၈

ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံဖက်က ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီး စနစ်တကျပြန်ပို့ပေးဖို့ တိုက်တွန်းထားတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ရွေးကောက်ပွဲတွေအပြီး ဒီဇင်ဘာလမှ ပြန်လည်ပို့ဆောင်နိုင်မယ်လို့ သိရကြောင်း ၀န်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဘင်္ဂါလီ ၂၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှ ပြန်လာခဲ့တာမရှိခဲ့ပါဘူး။

ရိုက်ကူး - ထက်နိုင်ဇော်