Surprise Me!

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လာပြီးနောက်မှ တိုင်းဥပဒေချုပ်ဟောင်းတို့အား စစ်ဆေးအရေးယူခဲ့ခြင်းဟု တရားလို ထွက်ဆို

2018-12-07 2 Dailymotion

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လာပြီးနောက်မှ တိုင်းဥပဒေချုပ်ဟောင်းတို့အား စစ်ဆေးအရေးယူခဲ့ခြင်းဟု တရားလို ထွက်ဆို

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသော တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို ဖေ့ဘွတ်ခ် စာမျက်နှာများတွင် ဝေဖန်ရေးသားမှုများ များပြားလာရာမှ စစ်ဆေးအရေး ယူခဲ့ခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက်ညွှန်ကြားရေး မှူး ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဦးဟန်ထူးအပါအဝင် ၅ ဦးကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဦးမိုးနိုင်အား ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Buy Now on CodeCanyon