ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ကျင်းပ

ဒီဇင်ဘာလ ၁၄ ရက်မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေး ၁/၂၀၁၈ ပထမနေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ခြင်းတွေပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်က အဆိုပြုထားတဲ့ တိုင်းဒေသကြီး အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းပြီး သဘောထား ရယူခဲ့ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။အထူးအစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဆက်လက် ပြုလုပ် သွားမှာလည်း ဖြစ်ပါတယ်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)