ဥရောပ ရွှေဖိနပ်ဆုကို အကြိမ်အများဆုံးရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

လီယွန်နယ် မက်ဆီဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပရဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂါနေ့က လက်ခံရယူခဲ့ပါတယ်။ ဒီဆုကို သူဟာ ဘောလုံးသမိုင်းကြောင်းတစ်လျှောက် ၅ ကြိမ်မြောက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအတွက် လာလီဂါသွင်းဂိုးပေါင်း ၃၄ ဂိုး သွင်းယူခဲ့ကာ လီဗာပူးလ်ရဲ့ ဆာလတ် (၃၂ ဂိုး)နဲ့ စပါးရဲ့ ကိန်း(၃၀ ဂိုး)တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။

တင်ဆက်-မျိုးထွန်းနိုင်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53288