“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ခရီးသွားမြင့်တင်ရေးပွဲကို ငွေကျပ် သိန်း ၇ ထောင်ကျော်သုံးစွဲကျင်းပမည်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်တစ်ခုကို ငွေကျပ် သိန်း ၇ ထောင်ကျော်အသုံးပြု၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။

“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ခရီးသွားမြင့်တင်ရေးပွဲတော်ကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်း ပွဲကို ရန်ကုန်တိုင်းအစိုးရရုံးတွင် ဇန်န၀ါရီ ၈ ရက်နေ့ကပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဦးဇော်အေးမောင်က ပြောဆို ခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်-စိုးသူအောင်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53764