ပရဲလူမျိုးအဖြစ်ရပ်တည်ခွင့်ရဖို့အတွက် ကြိုးစားနေ

ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က ပရဲလူမျိးစုတွေဟာ ပရဲလူမျိုးအဖြစ်ရပ်တည်ခွင့်ရဖို့အတွက် ကြိုးစားနေကြပါတယ်။ ပရဲလူမျိုးတွေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ ကုတ်နံပါတ်စာရင်းပါရှိခဲ့တဲ့ မျိုးနွယ်စုတစ်ခုပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကယောမျိုးနွယ်စုထဲကို ထည့်သွင်းလိုက်တဲ့အတွက် ပရဲမျိုးနွယ်စုဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့အခြေအနေ ကြုံတွေ့နေရပါတယ်။ ဒီအတွက်ကြောင့် ရိုးရာယဉ်ကျေးမှုစာပေတွေကို ပြန်လည်ဖော်ထုတ်ဖို့ ပရဲမျိုးနွယ်စုတွေက ကြိုးစားနေကြပါတယ်။

ရိုက်ကူး-အောင်ကိုဦး
တည်းဖြတ်-ဇေယျာမော်
#ပြည်တွင်းအနုပညာသတင်း #MizzimaNewsInBurmese#မဇ္ဈိမ