ဧရာဝတီ၊ ဇန်နဝါရီ ၁၆၊ ၂၀၁၉

အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအနေနဲ့ရော YRTA အနေနဲ့ပါ စီးပွားရေးလုပ်ငန်းတခုလို လက်ဝါးကြီးအုပ်ချုပ်ကိုင်လိုတဲ့ဆန္ဒမရှိဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့ ရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်တဲ့ YBS (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

YBS (၂)နှစ်တာကာလအတွင်း စိန်ခေါ်မှု၊ ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရပြီး ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ဖို့ကြိုးစားရင်း ရန်ကုန်မြို့ကိုပါ တတွဲတည်းမြှင့်တင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရိုက်ကူး/တည်းဖြတ် - ရွှေလေး