ဦးကြည်လွင် တာဝန်မှရပ်ဆိုင်းမှုအပေါ် ဘောလုံးအဖွဲ့ချုပ် ရှင်းလင်း

မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဦးကြည်လွင်ကိုတာဝန်မှရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ လေးနှစ်တာစီမံကိန်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေဖြင့် ၂၀၁၉ -၂၀၂၂ နှစ် လေးနှစ်တာကာလအတွင်း ကစားသများ ၊ နည်းပြများ ၊ နည်းစနစ်များနှင့် ပတ်သက်၍သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တွင် ပြုလုပ်ခဲ့သည်။
ယူ-၂၂ အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးကြည်လွင်အား တာဝန်မှာရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်၏ Deputy General Secretary ဖြစ်သူ ဦးတင်မြင့်မောင်က အခုလိုပြောပါတယ်။

ဦးကြည်လွင်ဟာ မြန်မာ့ ယူ ၂၂ အသင်းရဲ့ နည်းပြချုပ် တာဝန်ကနေ ရပ်ဆိုင်းခံရပေမယ့် ဘောလုံးလောက ကိုစွန့်ခွာမှမပာုတ်ဘဲ မကွေးအသင်းရဲ့ မန်နေဂျာအဖြစ်ဆက်ရှိနေမှဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ