AA ရဲ့လုပ်ရပ် "ယောက်ျား မပီသတာ" လို့ ဗိုလ်ချုပ်စိုးနိုင်ဦး ပြော

#MizzimaTV

ရဲကင်းစခန်းတွေကို ဝင်တိုက်တဲ့ AA ရဲ့ လုပ်ရပ်ဟာ စစ်သားစကားနဲ့ ပြောရင် "ယောက်ျား မပီသတာ" လို့ ယူဆကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်က စစ်သမိုင်းပြတိုက်မှာ ဒီကနေ့၊ မွန်းလွဲပိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)