Surprise Me!

အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌကို တရားစွဲ

2019-01-22 1 Dailymotion

အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌကို တရားစွဲသော အမှု တရားလိုမလာ၍ ရုံးပြန်ချိန်း

အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုမလာရောက်နိုင်သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်ကြောင်း ရန်ကင်းမြို့နယ်တရား ရုံးမှ တရားသူကြီး ဒေါ်လေးလေးနွယ်ထံမှ သိရသည်။

အလှမယ်ရွှေအိမ်စည်နှင့် ဒေါ်စိုးယုဝေတို့သည် အပြန်အလှန်အမှုဖွင့်တရားစွဲဆိုထားကြတာဖြစ်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့၌ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင်လည်း ရုံးချိန်းရှိနေသည့်အတွက် ရန်ကင်းတရားရုံးမှ ရက်ပြန် ချိန်းပေးရန် ရဲဘက်မှ အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်းသိရသည်။

ရိုက်ကူး/တည်းဖြတ်-စိုးသူအောင်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54126

Buy Now on CodeCanyon