ဆရာဝန်တစ်ယောက်ကနေ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဆီသို့ … ဇာတ်ညွှန်းရေးဆရာ မိုးနီလွင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁<br />**********************<br />“အကို့ဘဝမှာ Idol စာရေးဆရာနှစ်ယောက်ရှိတယ်။ အမျိုးသားစာရေးဆရာထဲမှာဆို ဆရာငြိမ်းကျော်၊ အမျိုးသမီးစာရေးဆရာထဲမှာ ဆရာမဂျူး၊ ဆရာမဂျူးက နည်းနည်းလေးဘိုဆန်တယ်၊ ဆရာငြိမ်းကျော်ကတော့ အရမ်းမြန်မာဆန်တယ်။ အဲဒီနှစ်ယောက်ကို စံနမူနာထားတယ်။”<br />မကြာခင်ရုံတင်တော့မည့် ကြာတော့သည်လည်းမောင့်စကား အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ မိုးနီလွင်ကတော့ Mizzima TV ကနေ အပတ်စဉ် ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ Artist Interview အစီအစဉ်မှာ ဒီနေ့ည ၈နာရီခွဲအချိန် ရှိနေမှာပါ။ အစီအစဉ်အပြည့်အစုံကို ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ရင်း ဒီနေ့ည ၈နာရီခွဲအချိန် Mizzima TV Channel မှာတွေ့ကြပါစို့။ <br />