Surprise Me!

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ NLD စတင်ကြိုးပမ်း

2019-01-29 0 Dailymotion

NLD ပါတီ အာဏာရပြီး သုံးနှစ်နီးပါးအကြာမှာ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်မှာ စတင်ကြိုးပမ်းလာတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ဇန်နဝါရီလ ၂၉ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာရပါတီအမတ် ကိုယ်စားပြု လွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်။<br /><br />ဦးအောင်ကြည်ညွှန့်ရဲ့ အဆိုကို သာကေတမြို့နယ်အမတ် ဒေါက်တာဝေဖြိုးအောင်က ထောက်ခံဆွေးနွေးမှုအပြီးမှာတော့ တပ်မတော်သားအစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ သဘောတူပေမယ့် အခုနည်းလမ်းဟာ လုပ်ထုံးလုပ်နည်းအရ မှားနေပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။<br /><br />ရိုက်ကူး/တည်းဖြတ်-မင်းမင်း

Buy Now on CodeCanyon