Surprise Me!

စည်ပင်သာယာရွေးကောက်ပွဲကို လူ ၄၅၀ခန့်ဖြင့် လေ့လာစောင့်ကြည့်မည်

2019-01-31 0 Dailymotion

စည်ပင်သာယာရွေးကောက်ပွဲကို လူ ၄၅၀ခန့်ဖြင့် လေ့လာစောင့်ကြည့်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန်အတွက် လူဦးရေ ၄၅၀ခန့်ကို ခန့်မှန်း ထားပြီး မဲရုံ ၄၅၀ခန့်ကို စေလွှတ်ကာ စောင့်ကြည့် လေ့လာမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ စီမံကိန်းအစီအစဉ်၏ မန်နေဂျာ ဦးဟန်စိုးထွန်း ကပြောသည်။

"ကျွန်တော်တို့ ခန့်မှန်းထားတာတော့ လူ ၄၅၀လောက်အထိကို ခန့်မှန်းထားပြီး မဲရုံ ၄၅၀လောက်ကို လွှတ်ဖို့ရှိပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့လှုပ်ရှားမှု (Observe Yangon) ပရောဂျက်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ငွေကြေးရယူပြီးတော့ဆောင်ရွက်တာမဟုတ်တဲ့အတွက် Volunteer အကန့်အသတ်မထားပါ ဘူး။ Volunteer များရင် မဲရုံတွေပိုပြီးတော့ များကြည့်ရှုနိုင်မယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နည်းစနစ်အရဆိုရင် အမှားရာခိုင်နှုန်းတွေလည်း လျော့သွားမှာဖြစ်ပါတယ်" ဟု ဦးဟန်စိုးထွန်း ကပြောသည်။

ရိုက်ကူး/တည်းဖြတ်-မိုးမြင့်ဇော်

သတင်းအပြည့်စုံ-http://www.mizzimaburmese.com/article/54369

Buy Now on CodeCanyon