Surprise Me!

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် လွှတ်တော်အတည်ပြု (ရုပ်သံ)

2019-02-06 0 Dailymotion

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီဖွဲ့စည်းဖို့ြ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီးနောက် အတည်ပြုလိုက်ပါတယ်။<br /><br />မဲခွဲဆုံးဖြတ်ရာမှာ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ ၆၂၁ ဦးရှိတဲ့အနက် ထောက်ခံသူ ၄၁၄ ဦး၊ ကန့်ကွက်သူ ၁၉၁ ဦး၊ ကြား နေသူ ၆ ဦးရှိခဲ့ပြီး ထောက်ခံသူများတဲ့အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ပါဝင်တဲ့ ပါတီ အဖွဲ့ အစည်းတွေ၊ တပ်မတော်သား အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေ အချိုးအစားအလိုက် ပါဝင်ခွင့် ပြုမှာ ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

Buy Now on CodeCanyon