AA ကို ထိုးစစ်ဆင်ဖို့ အစိုးရက အာဏာပေးခဲ့တာကို မယုံဟု ဆို

ရခိုင်အဖွဲ့ AA ကို ထိုးစစ်ဆင်ဖို့ အစိုးရက အာဏာပေးခဲ့ကြောင်း တပ်မတော်ဘက်က ပြောကြားထားမှုအပေါ် ယုံကြည်မှု မရှိကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“ကျွန်တော်ကတော့ ကျွန်တော့် Personal အရဆိုရင်တော့ မယုံကြည်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တပ်ကို အာဏာပေးလို့ရတယ်ဆိုတာက ကျွန်တော်တို့လေ့လာသလောက်ကို မတွေ့ခဲ့ရဘူး။ အဲ့ဒါကြောင့် ဒါဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က သံသယဖြစ်တယ်လို့ ကျွန်တော်ပြောပြီးပါပြီ။ ဒါဟာ စဉ်းစားစရာဖြစ်တယ်” ဟု ပြောသည်။

ရိုက်ကူး/တည်းဖြတ်-ဖူးအိအိနွယ်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54552