The Strand ဟိုတယ်တွင် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ ရန်ကုန်မြို့၊ကမ်းနားလမ်းပေါ်ရှိ The Strand ဟိုတယ်အဆောက်အအုံကို ဖေဖော်ဝါရီ ၇ ရက်နေ့က မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့သည်။

ရန်ကုန်မြို့ပြအမွေအနှစ် အဖြစ်တပ်ဆင်သော ၂၇ ခုမြောက် အပြာရောင်ကမ္ဗည်းပြား ဖြစ်ပြီး ယခု The Strand ဟိုတယ်အဖြစ် အသုံးပြုနေသော ယင်းအဆောက်အအုံသည် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်-စိုးသူအောင်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54563