Surprise Me!

ပါဂျောင် ABSDF မှ ရဲဘော်များ အသတ်အဖြတ်ခံ ကျဆုံးခြင်း ၂၇ နှစ်မြောက် အထိမ်းအမှတ်နေ့ ပြုလုပ် (ရုပ်/သံ)

2019-02-13 27 Dailymotion

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF-NB)က ရဲဘော်ဟောင်းတွေ အသတ်အဖြတ်ခံ ကျဆုံးခြင်း ၂၇ နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားကို မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ပါဂျောင်ဒေသ၊ လိုင်စင်စခန်းက လွတ်မြောက်လာတဲ့ ABSDF ရဲဘော်ဟောင်း တွေက ၂၀၁၂ခုနှစ်က စတင် ကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF-NB) မြောက်ပိုင်း ပါဂျောင်ဒေသ၊ လိုင်စင်စခန်းမှာ စစ်ထောက်လှမ်းရေးဆိုပြီး ကျောင်းသူတဦး အပါအဝင် ၃၅ ဦး ကို နှိပ်စက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုက်ကူး - ဒီလှိုင်းဝင်း

Buy Now on CodeCanyon