ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ဦးတင်သွင်းတဲ့ အရေးကြီးအဆိုတခုနဲ့ ရိုးရိုးအဆိုတစ်ခုတို့ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် တင်ပြဆွေးနွေးခွင့်မရဘူးလို့ ပြောပါတယ်။

မိတ္ထီလာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲမှာ ကျောင်းသားတွေ ခေါ်ဆောင်လာတဲ့အပေါ် အစိုးရက ထိန်းကျောင်းပေးဖို့ အရေးကြီးအဆို တင်သွင်းတာဖြစ်ပြီး မက်မန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက အစိုးရ ယန္တရားတွေမှာ နိုင်ငံရေးပါတီက ဝင်ရောက်စွက်ဖက်မှု မရှိစေဖို့ တိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်

တည်းဖြတ် - ဝေယံမိုးမြင့်