Surprise Me!

(၁၃၄) ကြိမ်မြောက် ၀ါခင်းကုန်းဘုရား ပန်းမွှေ့ယာခင်းပူဇော်ပွဲ (ရုပ်/သံ)

2019-02-22 2 Dailymotion

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉

မန္တလေးမြို့တွင် သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်တို့ တည်ထားကိုကွယ်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ကျော်ရှိပြီဖြစ်သည့် မာရ်အောင်ရတနာဓါတုဃရစေတီတော်၏ (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ပန်းမွေ့ယာခင်းပူဇော်ပွဲကို ဖေဖော်ဝါရီ၂၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

မန္တလေးမြို့တွင် ဘုရားပွဲတော်အစ ဘုရားသုံးဆူက ဘုရားပွဲအဆုံးဝါခင်းကုန်းဆိုသည့်စာဆိုရှိခဲ့သည့်အတိုင်း ၀ါခင်းကုန်းဘုရားပွဲတော်သည် နှစ်တစ်နှစ်၏ ဘုရားပွဲတော်များတွင် နောက်ဆုံးဘုရားပွဲလည်းဖြစ်သည်။

အဆိုပါ ဘုရားပွဲတော်တွင် ပန်းတို့ဖြင့် ပုံဖော်သည့် ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွများဖြင့် ပန်းမွှေ့ယာခင်းကာ ပူဇော်ကြသည့်အပြင် ရက်ကွက်ကြီး ခုနှစ်ရပ်ကွက်အတွင်းရှိ လှပျိုဖြုလေးများမှ ပန်းဖလားများကို သယ်ဆောင်လှည့်လည်လာကြပြီး ဘုရားကိုလက်ယာရစ် ပူဇော်ကြကာ ပန်းကပ်ကန်တော့ခဲ့ကြသည်။

ရိုက်ကူး - ဇော်ဇော်

Buy Now on CodeCanyon