ဧရာဝတီ၊ မတ် ၁၁၊ ၂၀၁၉

အစိုးရအဖွဲ့နဲ့ ဗိုလ်ချုပ်ဘောင်ခေးခေါင်းဆောင်တဲ့ RCSS အဖွဲ့တို့ဟာ နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဖမ်းဆီးခံ RCSS တပ်ဖွဲ့ဝင် ၃၁ ဦးပြန်လည်လွတ်မြောက်ရေး၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူ IDP များ အရေးတွေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရိုက်ကူး - ကျော်မျိုး

တည်းဖြတ် - ဝေယံမိုးမြင့်