ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ၃ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

တနင်္သာရီတိုင်းအစိုးရ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအ၀င် ၄ ဦးကို မတ် ၂၅ ရက်က ထားဝယ်မြို့ရှိ တိုင်းတရားလွှတ်တော်တွင် လုံခြုံရေးအပြည့်ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်က အမှုအတွက် ရှေ့နေ ငှားရမ်းခွင့်တောင်းဆိုထားသည်။

ယနေ့ မတ် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနှစ်အချိန်က ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအ၀င် ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးအောင်သူရအုံတို့ကိုပါ အမှု ၄ မှုခွဲပြီး ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး - ဒီမိုးသွေး(မြိတ်)
တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55640
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ