ဧရာဝတီ၊ မတ် ၂၉၊ ၂၀၁၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ကဗျာဝကမ်းခြေဟာ အရင်နှစ်တွေက နယ်မြေဒေသ မငြိမ်းချမ်းမှုတွေ ကြောင့် ညအိပ်ညနေ အပန်းမဖြေနိုင်သော်လည်း အခုဆိုရင်တော့ ညအိပ်ညနေ အပန်းဖြေနိုင်တဲ့ ကမ်းခြေတခု ဖြစ်လာပါပြီ။
ကဗျာဝကမ်းခြေကို သွားမယ်ဆိုရင်တော့ ရေးမြို့ကနေ ထားဝယ်ဘက် ရေး-ထားဝယ် ကားလမ်းအတိုင်းသွား၍ ခေါဇာမြို့လမ်းခွဲကနေ ဝင်သွားရတာဖြစ်ပါတယ်။ ရေးမြို့ပေါ်ကနေ ၃၃ ကီလိုမီတာကွာဝေးပြီး ကားနဲ့သွားမယ် ဆိုရင် တစ်နာရီနီးပါး ကြာမြင့်မှာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဥာဏ်စိုးဝင်း