Surprise Me!

စမ်းချောင်းမြို့နယ်ရှိ မဲရုံတွင် ဖြစ်ပွားခဲ့သောကိစ္စ ခုံရုံးဖြင့် စစ်ဆေးမည်

2019-04-01 0 Dailymotion

စမ်းချောင်းမြို့နယ်ရှိ မဲရုံတွင် ဖြစ်ပွားခဲ့သောကိစ္စ ခုံရုံးဖြင့် စစ်ဆေးမည်

" ကျွန်တော်တို့က ဒီဟာကို ခုံရုံးအဖွဲ့က စစ်ဆေးမယ်။ တကယ်လို့ အဲ့ဒီလူတွေက တရားမဲ့ပြုကျင့်တယ်ဆိုရင် တရားမဲ့ပြုကျင့်တဲ့အတိုင်း ကျွန်တော်တို့က အရေးယူသွားမယ်"

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်

မတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ၌ စမ်းချောင်းမြို့နယ်ရှိ မဲရုံ ၂ ရုံ တွင် မဲပေးနိုင်သည့် ပြည်သူအချို့မှာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိဘဲ မဲဝင်ရောက်ပေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအပေါ် အဆိုပါ မဲရုံမှ တာဝန်ရှိသူများကို စစ်ဆေးရန် ခုံရုံးဖွဲ့ထားပြီဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်းတွင် ကော်မရှင် ဥက္ကဋ္ဌက မီဒီယာများ မေးမြန်းမှုကို ယခုကဲ့သို့ ဖြေခဲ့သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Buy Now on CodeCanyon