မဲရုံ ၁၂၀၀ ခန့်တွင် မဲစာရင်းအမည်မပါ၍ ပြန်သွားရသည့်ဖြစ်စဉ်များရှိခဲ့ဟု PACE အဖွဲ့ထုတ်ပြန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲတွင် မဲစာရင်း၌ အမည်မပါ၍ မဲပေးခွင့် မရဘဲပြန်သွား ခဲ့ရသူ အရေအတွက်မှာ မဲရုံအားလုံး၏ ထက်ဝက်ခန့်ရှိခဲ့ပြီး မဲရုံပေါင်း ၁၂၀၀ နီးပါးတွင်ဖြစ်ပေါ်ခဲ့ကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) မှ ထုတ်ပြန်ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲကျင်းပသည့် မတ်လ ၃၁ ရက်နေ့တွင် မြို့နယ် (၃၃) မြို့နယ်၌ PACE အဖွဲ့မှ စောင့်ကြည့်သူ ၃၄၈ ဦးဖြင့် လေ့လာစောင့်ကြည့်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55815
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ