နေစရာ ပြန်မရသည့် ညောင်ရွာမှမီးဘေးသင့်သူအချို့ တိုင်းရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် မတွေ့မချင်း စောင့်မည်

မီးလောင်မှုဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ ညောင်ရွာတွင် နေထိုင်သူ အချို့မှာ မူလနေရာ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရ ရန် တိုင်းအစိုးရ ရုံးရှေ့၌ ဧပြီလ ၈ ရက်နေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

မူလနေထိုင်သည့် နေရာပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာသို့ စာတင်တိုင်ကြားမှုများ၊ လူတွေ့ဆုံမှု များ လုပ်ဆောင်ခဲ့သော်လည်း အဆင်ပြေမှုများမရှိဟုဆိုကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့် ရရေးအတွက် ဧပြီလ ၈ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ