ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ဒေသရှိ ရွာဘုရားပွဲတော် ယခင်နှစ်ထက် စည်ကား

သင်္ကြန်အကြိုနေ့မှ စတင်ကာ ရွာအသီးသီးတွင် အလှည့်ကျ ကျင်းပသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)ဒေသရှိ ရွာဘုရားပွဲတော်ကို လာရောက်လည်ပတ်သူများဖြင့် စည်ကားနေပြီး ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ရွာလွတ်ကျေးရွာရှိဒေသခံများထံမှ သိရသည်။

အဆိုပါပွဲတော်မှာ တစ်ရက်လျှင် တစ်ရွာနှုန်းဖြင့် အိမ်တိုင်းတွင် ထမင်း၊ ဟင်း၊ အအေး၊ ဒေသထုတ်ခေါက်မုန့်နှင့် မုန့်မျိုးစုံတို့ အပါအ၀င် မိမိတတ်နိုင်သည့် အလှူဒါနဖြင့် လာရောက်လည်ပတ်သည့် လူမျိုးဘာသာမရွေး ဧည့်သည်များကို ဧည့်ခံ ကျွေးမွေးကြသည့် ဓလေ့ ဖြစ်သည်။
ရိုက်ကူး - နွန်နွန်
တည်းဖြတ် - ဇေယျာမော်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/56259
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ